ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ်၊ ရပ်ကွက် (၁၄) ရပ်ကွက်၊ ကျေးရွာ (၂၄) ရွာတို့တွင် (၂၈-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၁၄၄)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၄,၃၂၀,၀၀၀ိ/-)ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၄)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၇၀၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၁,၄၇၈,၄၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆,၁၉၈,၄၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး၊ အိမ်ထောင်စု (၁၄၄)စုစာတို့အား (၂-၅-၂၀၁၈) ရက်နေ့ (၁၅း၃၀) အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
# ha_sgw
# mgy_mar 2018