မကွေးမြို့နယ်လေဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကျေးရွာ (၉) ရွာတို့တွင် (၂၇-၄-၂၀၁၈) ရက်နေ့နှင့် (၂၉-၄-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွား ခဲ့သောလေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၃၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၂၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၁၂၃) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၄၈,၃၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၇၈,၃၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု (၁၅)စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး၊ အိမ်ထောင်စု (၁၅) စုစာတို့အား (၂-၅-၂၀၁၈) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#mgy_mar 2018

Sign Up

Upcoming Events