လေဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘောလခဲ မြို့နယ်၊ ချိကွဲ့ကျေးရွာအုပ်စု၊ ချိကွဲ့ကျေးရွာ၌ (၂၅-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁)၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၃၅,၇၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၃၅,၇၀၀ိ/-) ကျပ်တို့အား (၂၈-၄-၂၀၁၈) ရက်နေ့တွင်လည်းကောင်း၊ ဒီးမော့ဆို မြို့နယ်၊ ဝါဘန်းပလို့ကျေးရွာအုပ်စု၊ ပဒါန်းခိုကျေးရွာ၌ (၂၇-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၃) လုံးနှင့် ဒေါတော်ကူးကျေးရွာအုပ်စု၊ ဒေါဆီးအီကျေးရွာ နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၄) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၁၈,၄၀၀ိ/-)ကျပ်နှင့် လူဦးရေ (၂၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၆,၂၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၆၄,၆၀၀ိ/-) ကျပ်တို့အား (၃၀-၄-၂၀၁၈) ရက်နေ့တွင်လည်းကောင်း သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#kyh_mar 2018

 

Sign Up

Upcoming Events