ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ၊ ဆင်ကော်ကျေးရွာအုပ်စု၊ ဆင်ကော်ကျေးရွာနှင့် မြို့လှကျေးရွာတို့တွင် (၂၉-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၅)၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၁၄) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၉၀,၀၀၀ိ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၂၉,၄၀၀ိ/-) ကျပ်တို့အား (၂-၅-၂၀၁၈) ရက်နေ့တွင် သရက်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာ ရပ်/ကျေး တာဝန်ရှိသူများထံသို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_agw
#mgy_mar2018