လေဘေးထောက်ပံ့မှုသတင်း

 

 

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု (၃) စုမှ ကျေးရွာခွဲ (၆) ရွာ၌ (၂၅-၄-၂၀၁၈) ရက်နှင့် (၂၈-၄-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျပျက်စီးနေအိမ် (၁) လုံး၊ အမိုးလန် (၂၀) လုံး၊ စုစုပေါင်း (၂၁) လုံး၊ လူဦးရေ (၇၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၀)အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀,၀၀၀ိ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၅၅,၄၀၀ိ/-)ကျပ်၊ အမိုးလန် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-) ကျပ်တို့အား (၁-၅-၂၀၁၈) ရက်နေ့တွင် သက်ဆိုင်ရာကျေးရွာများ၌ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw

#ayy_mar 2018

Sign Up

Upcoming Events