မြန်မာနိုင်ငံသို့ (၃-၁၁-၂၀၁၅) ရက်နေ့တွင် အိန္ဒိယနိုင်ငံရောက် ရေလုပ်သား (၈၅) ဦး ဒုတိယအသုတ်ထပ်မံရောက်ရှိမှုသတင်း

DSC_0048 DSC_0061 DSC_0083 DSC_0085 DSC_0093

 

၁။        အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်အရ အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့ရှိ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံပြီး မြန်မာနိုင်ငံသားမှန်ကန်ကြောင်း အတည်ပြုပြီးသူ မြန်မာရေလုပ်သား (၂၄၃) ဦးအနက် ဒုတိယအသုတ်အဖြစ် ရေလုပ်သား (၈၅) ဦးအား ခေါ်ယူရန် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချွမ်ဟရဲ ဦးစီးသည့်ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ (၃-၁၁-၂၀၁၅) နေ့၊ (၁၂:၀၀) အချိန်တွင် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) မှ စင်းလုံးငှားလေယာဉ်ဖြင့် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့သို့ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် (၁၃:၅၅) အချိန်တွင် ပို့ဘလဲယားမြို့လေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။ ၎င်းနောက်ရေလုပ်သားများအား စိစစ်လက်ခံပြီး ဒေသစံတော်ချိန် (၁၅:၀၅) အချိန်တွင် ပို့ဘလဲယားမြို့လေဆိပ်မှ ပြန်လည်ထွက်ခွာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၁၆:၁၀) အချိန်တွင် ရောက်ရှိခဲ့ပါသည်။ ရေလုပ်သားများအား ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးကျော်မင်းနှင့်တာ၀န်ရှိသူများ၊ ရေလုပ်သားများ၏နေရပ်ဒေသများဖြစ်သော ဧရာ၀တီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှအစိုးရအဖွဲ့ကိုယ်စားလှယ်များ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်သာနှင့်တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံပင်လယ်ကမ်း‌ဝေးငါးဖမ်းလုပ်ငန်းရှင်များအသင်းမှတာ၀န်ရှိသူများနှင့် IOM အဖွဲ့တို့မှ ကြိုဆိုခဲ့ကြပါသည်။

၂။      ပြန်လည်ရောက်ရှိခဲ့သည့် ရေလုပ်သား (၈၅) ဦးမှာ ဧရာ၀တီတိုင်းဒေသကြီးမှ (၇၇) ဦး၊ ရခိုင်ပြည်နယ်မှ (၈) ဦးတို့ဖြစ်ပါသည်။ ၎င်းရေလုပ်သားများအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချွမ်ဟရဲနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးကျော်မင်းတို့မှ လိုအပ်သည်များမှာကြားခဲ့ပါသည်။ ရေလုပ်သားများအား ငါးလုပ်ငန်းဦးစီးဌာနမှ တစ်ဦးလျှင် (၅၀၀၀/-)နှုန်း၊မြန် မာနိုင်ငံပင်လယ်ကမ်း‌ဝေးငါးဖမ်းလုပ်ငန်းရှင်များအသင်းမှ တစ်ဦးလျှင်(၅၀၀၀/-)နှုန်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တစ်ဦးလျှင် ကျားလုံချည်(၁)ထည်၊ တီရှပ်(၁)ထည်၊ တဘက်(၁)ထည်နှုန်း၊ IOM အဖွဲ့မှ တစ်ဦးလျှင်(၂၅၀၀၀/-)နှုန်းနှင့် ငွေဖြည့်ကဒ်(၁၀၀၀/-)ပါ ဆင်းကတ်(၁)ခုတို့ကို ထောက်ပံ့ခဲ့ပြီး၊ ပြည်တွင်းခရီးစရိတ်နှင့် စားစရိတ်ကုန်ကျငွေများကို ရေလုပ်သားများ၏နေရပ်ဒေသများဖြစ်သော ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ လှူဒါန်းထောက်ပံ့ခဲ့ပါသည်။

၃။      ရေလုပ်သားများအား မြန်မာနိုင်ငံရဲသတင်းတပ်ဖွဲ့၊ လူ၀င်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့မှ လိုအပ်သည်များစစ်ဆေးခဲ့ပြီး ရခိုင်ပြည်နယ်မှရေလုပ်သား(၈)ဦးတို့အား (၁၇:၁၀)အချိန်တွင်လည်းကောင်း၊ ဧရာ၀တီတိုင်းဒေသကြီးမှရေလုပ်သား(၇၇)ဦးအား (၁၇:၃၀)အချိန်တွင်လည်းကောင်း သက်ဆိုင်ရာဒေသအသီးသီးသို့အစိုးရအဖွဲ့ကိုယ်စားလှယ်များ၏ဦးဆောင်မှုဖြင့် ပြန်လည်စေလွှတ်ခဲ့ပါသည်။

၄။    သို့ဖြစ်ပါ၍ နိုဝင်ဘာလ (၂) ရက်နေ့နှင့် (၃) ရက်နေ့တို့တွင် မြန်မာရေလုပ်သားများအား အိန္ဒိယနိုင်ငံမှ ပြန်လည်ခေါ်ယူခဲ့ရာ စုစုပေါင်း (၂၄၃) ဦးရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events