၁။ ၂၀၁၅ခုနှစ်၊ ဇွန်လမှ သြဂုတ်လအတွင်း မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားခဲ့သောရေကြီး၊ ရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပအစိုးရများ၊ အဖွဲ့အစည်းများ၊ ပြည်သူများက အလှူငွေများပေးအပ်လှူဒါန်းလျက်ရှိရာ (၃-၁၁-၂၀၁၅) ရက်နေ့တွင် မြန်မာနိုင်ငံဘဏ်များအသင်း (Myanmar Banks Association)မှ ငွေကျပ်(၂၅၀,၀၀,၀၀၀/-)ကို လှူဒါန်းခဲ့ခြင်း၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဌာနမှဦးစီး၍ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော အခမ်းအနားတွင် Metlife အာမခံကုမ္ပဏီမှလှူဒါန်းထားသည့် အမေရိကန်ဒေါ်လာ(၅၀၀၀)ကို အလှူရှင်မှဘဏ်သို့ ပေးသွင်းရာတွင် အမေရိကန်ဒေါ်လာ(၅၀၀၀)နှင့်ညီမျှသည့် မြန်မာငွေကျပ် (၆၄,၁၈,၀၀၀/-)ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ရှိ ငွေစာရင်းအမှတ်(OA-011834)သို့ တိုက်ရိုက်ထည့်သွင်းလှူဒါန်းခဲ့ပါသည်။ လာရောက်လှူဒါန်းခဲ့မှုအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်း၀န်ဒေါက်တာကိုကိုနိုင်မှ လက်ခံရယူကာ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
၂။ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၌ အလက(၁၀)၊ ကျောင်းအုပ်ကြီးနှင့် ကျောင်းသား/ကျောင်းသူများ၊ တောင်ကြီးမြို့မှ လှူဒါန်းငွေကျပ်(၁,၀၀,၀၀၀/-)လက်ခံရရှိပါသည်။ သို့ဖြစ်ပါ၍(၂၉-၇-၂၀၁၅)ရက်နေ့မှ (၃-၁၁-၂၀၁၅)ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာကျပ် (၈၁၃၇၃,၃၆,၉၆၃/၆၁ါး)၊ အမေရိကန်ဒေါ်လာ (၃၃၈၅၄၃၃.၆၉)၊ ယွမ်(၅၀၀၀၀)၊ ဂျပန်ယန်း(၁၈၀၄၀) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေများကို ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သုံးစွဲလျက်ရှိပါကြောင်း သတင်းရရှိပါသည်။
လက်ခံရရှိသော အလှူငွေစာရင်းများ၊ သုံးစွဲမှုစာရင်းများနှင့် လက်ကျန်ငွေစာရင်းများအား အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်-