ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်မှ နယ်မြေလုံခြုံရေးအခြေအနေအရ မြစ်ကြီးနားမြို့နယ်၊ အောင်မြင် သာ (တန်ဖဲ)ကျေးရွာ၊ RC ဘုရားကျောင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသော အိမ်ထောင်စု (၁၇၈)စု၊ လူဦးရေ (၈၈၃) ဦး၊ နောင်နန်းကျေးရွာ၊ ကြိနီတီဘုရားကျောင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသော အိမ်ထောင်စု (၁၀၅)စု၊ လူဦးရေ (၅၁၃)ဦး၊ စုစုပေါင်း အိမ်ထောင်စု(၂၈၃) စု၊ လူဦးရေ (၁၃၉၆) တို့အတွက် ထောက်ပံ့မှုဆောင်ရွက်ရန် ပြည်နယ်လူမှုရေးဝန်ကြီး Dr. သင်းလွင်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ (၃၀-၄-၂၀၁၈)ရက်နေ့တွင် သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ထောက်ပံ့မှုအခမ်းအနားပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ် (၇၀)အိတ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန် (၇) ရက်စာဖိုး (၂,၉၃၁,၆၀၀)ကျပ်နှင့် ကျန်းမာရေးဦးစီးဌာနမှ ဆေးဝါးများထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)