ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်း မြို့နယ်၊ ကျေးရွာ (၅၂) ရွာတို့တွင် (၂၉-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျနေအိမ် (၂၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၃၀၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်နေအိမ် (၂၈၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈,၆၇၀,၀၀၀ိ/-) ကျပ်၊ ဘုန်းတော်ကြီး ကျောင်း (၁၂) ကျောင်းအတွက် ကျောင်းဆောက်အလှူငွေ (၁,၂၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၁၃၃၇) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂,၈၀၇,၇၀၀ိ/-)ကျပ်၊ သေဆုံး (၁)ဦးအတွက် သေဆုံးထောက်ပံံ့ငွေ (၃၀၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၄,၂၇၇,၇၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု (၂၆)စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး၊ အိမ်ထောင်စု (၂၈၉) စုစာတို့အား (၃၀-၄-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)