ဘုတလင်မြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများအား ထောက်ပံ့မှုသတင်း

30 Pic 02

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်း တိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်း ကျေးရွာ (၉) ရွာ၌ (၂၈-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန် နေအိမ် (၁၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၈) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၅,၀၀၀ိ/-) ကျပ်နှင့် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်း အတွက် ထောက်ပံ့အလှူငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇၀၅,၀၀၀ိ/-) ကျပ်တို့အား (၃၀-၄-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events