စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာအတွက် ဖိုက်ဘာစက်လှေ (၁)စီးနှင့် အသက်ကယ်အင်္ကျ ီ (၁၀) ထည်ပေးအပ်ပွဲကို (၃၀-၄-၂၀၁၈) ရက်နေ့၊ မွန်းလွဲ (၁၃း၀၀) နာရီအချိန်တွင် တမူး မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်ရာ တမူးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် တမူးမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ)