ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာ ခရိုင်၊ လပွတ္တာမြို့နယ်၊ ကျောက်တန်းကြီးကျေးရွာအုပ်စု၊ ကျောက်တန်းကြီးကျေးရွာ (မြင်းကဖြူ ရပ်ကွက်)၌ (၂၉-၄-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျနေအိမ် (၄)လုံး၊ အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၄)ပုံးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်နေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး ပါ (၂)ပုံးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၄,၁၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၃၄,၁၀၀ိ/-) ကျပ်တို့အား (၂၉-၄-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ် အထွေထွေုအပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး တို့နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)