မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် (၂၉-၇-၂၀၁၅) ရက်နေ့မှ (၂-၁၁-၂၀၁၅) ရက်နေ့အထိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ လှူဒါန်းသည့် အလှူငွေစုစုပေါင်း (၈၁၀၅၈,၁၈,၉၆၃ ကျပ်၊ ၆၁ပြား)၊ အမေရိကန်ဒေါ်လာ (၃၃၉၀၄၃၃.၆၉)၊ ယွမ်(၅၀၀၀၀)နှင့် ဂျပန်ယန်း (၁၈၀၄၀) လက်ခံရရှိမှုသတင်း

၂၀၁၅ခုနှစ်၊ ဇွန်လမှ သြဂုတ်လအတွင်း မြန်မာနိုင်ငံအနှံ့အပြား ဖြစ်ပွားခဲ့သော ရေကြီး၊ ရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း /ပြည်ပအစိုးရများ၊ အဖွဲ့အစည်းများ၊ ပြည်သူများက အလှူငွေပေးအပ်လှူဒါန်းလျက်ရှိရာ ပြင်သစ်နိုင်ငံ၊ ဘာလင်မြို့၊ Deutsche Bank က အမေရိကန် ဒေါ်လာ(၄၅၅၀.၇၆)၊ Consulated General of the Republic of The Union of Myanmar in Nannin က အမေရိကန်ဒေါ်လာ(၁၅၄၃၄.၂၀)၊ စုစုပေါင်းအမေရိကန်ဒေါ်လာ (၁၉၉၈၄.၉၆) ကို နိုင်ငံခြားအလှူငွေစာရင်းအမှတ် (1DA-0300086) သို့ တိုက်ရိုက်ထည့်သွင်း လှူဒါန်းခဲ့ပါသည်။

သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅)ရက်နေ့မှ (၂-၁၁-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေ စုစုပေါင်းမှာကျပ် (၈၁၀၅၈,၁၈,၉၆၃ ကျပ်၊ ၆၁ပြား)၊ အမေရိကန်ဒေါ်လာ (၃၃၉၀၄၃၃.၆၉)၊ ယွမ်(၅၀၀၀၀)၊ ဂျပန်ယန်း(၁၈၀၄၀) ဖြစ်ပါသည်။ လက်ခံရ ရှိသော အလှူငွေများကိုဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သုံးစွဲလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

လက်ခံရရှိသော အလှူငွေစာရင်းများ၊ သုံးစွဲမှုစာရင်းများနှင့် လက်ကျန်ငွေစာရင်းများအား အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်-

အလှူငွေလက်ခံရရှိမှုစာရင်း

Sign Up

Upcoming Events