၂၀၁၅ခုနှစ်၊ ဇွန်လမှ သြဂုတ်လအတွင်း မြန်မာနိုင်ငံအနှံ့အပြား ဖြစ်ပွားခဲ့သောရေကြီး၊ ရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ပြည်သူ များ အတွက် ပြည်တွင်း/ပြည်ပအစိုးရများ၊ အဖွဲ့အစည်းများ၊ ပြည်သူများက အလှူငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်းလျှက်ရှိရာ နေပြည်တော် (ရုံးချုပ်) ၌ (၃၀-၁၀-၂၀၁၅) ရက်နေ့တွင် အလှူငွေလက်ခံရရှိမှုမရှိပါ။
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ဦးမြတ်၀င်း+ဒေါ်ခင်မာလွင်(မိသားစု)၊ပုသိမ်ကြီးမြို့မှ အလှူငွေကျပ် (၁,၀၀,၀၀၀/-) ကိုလက်ခံရရှိပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၃၀-၁၀-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေ စုစုပေါင်းမှာကျပ် (၈၁၀၅၈,၁၈,၉၆၃/၆၁ပြား)၊ အမေရိကန်ဒေါ်လာ (၃၃၇၀၄၄၈.၇၃)၊ ယွမ် (၅၀၀၀၀)၊ ဂျပန်ယန်း (၁၈၀၄၀) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့ လျှက်ရှိသည့်အပြင် အလှူငွေများကို ဘေးသင့်ဒေသများ ပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင် သုံးစွဲလျှက်ရှိပါကြောင်း သတင်းရရှိပါသည်။