မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင်‌့ပြည်သူများအတွက် (၂၉-၇-၂၀၁၅) ရက်နေ့မှ (၂၇-၁၀-၂၀၁၅) ရက်နေ့အထိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ လှူဒါန်းသည့် အလှူငွေစုစုပေါင်း ကျပ် (၈၀၉၉၂,၇၈,၉၆၃/၆၁ါး)၊ အမေရိကန်ဒေါ်လာ (၃၃၇၀၄၄၈.၇၃)၊ ယွမ်(၅၀၀၀၀)နှင့် ဂျပန်ယန်း (၁၈၀၄၀) လက်ခံရရှိမှုသတင်း

၁။      ၂၀၁၅ခုနှစ်၊ ဇွန်လမှ သြဂုတ်လအတွင်း မြန်မာနိုင်ငံအနှံ့အပြား ဖြစ်ပွားခဲ့သောရေကြီး၊ ရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပအစိုးရများ၊ အဖွဲ့အစည်းများ၊ ပြည်သူများက အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းလျက်ရှိရာ နေပြည်တော်(ရုံးချုပ်)၌ (၂၇-၁၀-၂၀၁၅) ရက်နေ့တွင် Mr.Yoshikazu Hatayama, Secretary General, Biwako Economic Relations Co-partnership မှ ဂျပန်ယန်း (၁၈၀၄၀) ကို လာရောက်လှူဒါန်းခဲ့ရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န်တာ၀န်ခံ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်မှ လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

၂။        သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅)ရက်နေ့မှ (၂၇-၁၀-၂၀၁၅)ရက်နေ့အထိ အလှူရရှိငွေ စုစုပေါင်းမှာကျပ် (၈၀၉၉၂,၇၈,၉၆၃/၆၁ါး)၊ အမေရိကန်ဒေါ်လာ (၃၃၇၀၄၄၈.၇၃)၊ ယွမ်(၅၀၀၀၀)၊ ဂျပန်ယန်း (၁၈၀၄၀) ဖြစ်ပါသည်။ လက်ခံရရှိသောအလှူပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ထောက်ပံ့လျက်ရှိသည့် အပြင်အလှူငွေများကို ဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သုံးစွဲလျက်ရှိပါ ကြောင်းသတင်းရရှိပါသည်။

အလှူငွေလက်ခံရရှိမှုစာရင်း

Sign Up

Upcoming Events