မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေထိန်သိမ်းရေးကော်မတီသို့ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၂၆-၁၀-၂၀၁၅) ရက်နေ့အထိ လှူဒါန်းသည့် အလှူငွေစုစုပေါင်းမှာ (၈၀၉၉၂,၇၈,၉၆၃ ကျပ်၊ ၆၁ပြား)၊ အမေရိကန်ဒေါ်လာ (၃၃၇၀၄၄၈.၇၃)၊ ယူရို (၃၀၀) ၊ ယွမ် (၅၀၀၀၀) လက်ခံရရှိမှုသတင်း

မြေပြိုမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပအစိုးရများ၊ အဖွဲ့အစည်းများ၊ ပြည်သူများက အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းလျက်ရှိရာ နေပြည်တော်(ရုံးချုပ်)၌ (၂၆-၁၀- ၂၀၁၅)ရက်နေ့တွင် အလှူငွေလက်ခံရရှိမှုမရှိပါ။ TI Garment Co.,Ltd မှ အမေရိကန်ဒေါ်လာ (၁၀၀၀) ကိုနိုင်ငံခြားအလှူငွေစာရင်း အမှတ် (1DA-0300086) သို့ တိုက်ရိုက်ထည့်သွင်း လှူဒါန်းခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကွယ်လွန်သူ ဒုတိယဗိုလ်မှူးကြီး သန်းညွန့် (ငြိမ်း) အားရည်စူး၍ ဒေါ်ခင်ရီ၊ သားသမီးမြေးမြစ်တစ်စုမှ အလှူငွေကျပ်(၁,၀၀,၀၀၀) ကို လာရောက်လှူဒါန်းခဲ့ပါသည်။ နေပြည်တော် (ရုံးချုပ်) တွင် လက်ခံရရှိထားသည့်ယူရိုငွေ (၃၀၀) ကို မြန်မာငွေဖြင့် လဲလှယ်ထည့်သွင်းငွေကျပ် (၄,၂၀,၀၀၀) ဖြစ်ပါသည်။သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅)ရက်နေ့မှ (၂၆-၁၀-၂၀၁၅)ရက်နေ့အထိ အလှူရရှိငွေ စုစုပေါင်းမှာ (၈၀၉၉၂,၇၈,၉၆၃ကျပ်၊ ၆၁ပြား)၊ အမေရိကန်ဒေါ်လာ (၃၃၇၀၄၄၈.၇၃)၊ ယွမ် (၅၀၀၀၀) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့ လျှက်ရှိသည့်အပြင် အလှူငွေများကို ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် သုံးစွဲလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

 အလှူငွေလက်ခံရရှိမှုစာရင်း

Sign Up

Upcoming Events