တနိုင်းမြို့နယ်အတွင်းရှိ ပယင်းမှော်လုပ်ကွက်များမှ နေရပ်ပြန်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ပယင်းမှော်လုပ်ကွက်များမှ မိုးကောင်းမြို့သို့ ရောက်ရှိလာသော နေရပ်ပြန်ပြည်သူ (၂၂) ဦးအတွက် တီရှပ် (၂၂)ထည်၊ တဘက် (၂၂)ထည်၊ ဆပ်ပြာ (၂၂)တောင့်၊ ဆန်ရိက္ခာ(၇) ရက်စာ (၄၆,၂၀၀ိ/-)ကျပ်နှင့် ခရီးစရိတ် (၄၄,၄၅၀ိ/-)ကျပ်တို့အား (၂၃-၄-၂၀၁၈) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် မိုးကောင်းမြို့ သာသနာ့ဗိမာန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပြီး တွေ့ဆုံအားပေးခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events