လယ်ဝေးမြို့နယ်၊ အေလာကျေးရွာအုပ်စု၊ ကုလားကျေးရွာ လေဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် လယ်ဝေးမြို့နယ်၊ အေလာကျေးရွာအုပ်စု၊ ကုလားကျေးရွာ၌ (၁၉-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွား ခဲ့သောလေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲပျက်စီးနေအိမ် (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀ိ/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၂) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၇၅,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၃၁၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၂၉၁,၉၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၁၆၆,၉၀၀ိ/-) ကျပ်တို့အား (၂၃-၄-၂၀၁၈) ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events