လယ်ဝေးမြို့နယ်၊ ရုံးပင်ကျေးရွာအုပ်စု၊ ရုံးပင်ကျေးရွာ လေဘေးထောက်ပံ့မှုသတင်း

24 Pic 02
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် လယ်ဝေးမြို့နယ်၊ ရုံးပင်ကျေးရွာအုပ်စု၊ ရုံးပင်ကျေးရွာ၌ (၁၉-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၁) လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀,၀၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၃) အိမ်ထောင်စာ နှင့် လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၁,၅၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၁,၅၀၀ိ/-) ကျပ်တို့အား (၂၃-၄-၂၀၁၈) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events