ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းမြို့နယ်၊ ဟဲလုံကျေးရွာအုပ်စု၊ သီတာကွက်သစ်ရပ်၌ (၁၆-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄,၂၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၄,၂၀၀ိ/-) ကျပ်တို့အား (၂၀-၄-၂၀၁၈) ရက်နေ့တွင် ဟဲလုံကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)