ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ချောင်းကူးကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာနှင့် အိုင့်မကျေးရွာအုပ်စု၊ အိုင့်မကျေးရွာ လေးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

20_Pic01 20_Pic02

=================================================
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================

မကွေးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမုှဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ချောင်းကူးကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၌ (၁၁-၄-၂၀၁၈) ရက်နေ့၊ (၀၅း၃၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လေဘေးသင့်အိမ်ခြေ (၈) လုံး၊ အိမ်ထောင်စု (၈) စု၊ လူဦးရေ (၃၂) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ (၆၇၂၀၀ိ/-)၊ အိမ်ထောင်စု (၁) စုစာ စက္ကူပုံးနှင့် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀ိ/-)၊ စုစုပေါင်း(၂၆၇၂၀၀ိ/-) နှင့် ပခုက္ကူခရိုင်၊ ပေါက်မြို.နယ်၊ အိုင့်မကျေးရွာအုပ်စု၊ အိုင့်မကျေးရွာ၌ (၁၄-၄-၂၀၁၈) ရက်နေ့၊ (၂၀း၀၅) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့်အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၃၀) ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ (၆၃၀၀၀ိ/-)၊ အိမ်ထောင်စု (၁) စုစာ စက္ကူပုံးနှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၄၀၀၀၀ိ/-)၊ စုစုပေါင်း (၃၀၃၀၀၀ိ/-) အား (၁၉-၄-၂၀၁၈) ရက်နေ့၊ (၁၀း၄၅) နာရီအချိန်တွင် ပေါက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျေးရွာချုပ်ရေးမှူးများထံ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events