
=================================================
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ ကြာအင်းကျေးရွာ၌ (၁၈-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ဘေးသင့်ခဲ့သည် အိမ်ထောင်စု တစ်စုအတွက် အိမ်ဆောက်ပစ္စည်းငွေကျပ် ၃၀၀၀၀ (သုံးသောင်းကျပ်)၊ ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ (၂၀-၄-၂၀၁၈) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။