
=================================================
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၁၈) ရက်နေ့၊ (၁ရး၂၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် မင်းတုန်းမြို့နယ်၊ တံတားကျေးရွာအုပ်စု၊ တံတား(အရှေ့)ကျေးရွာ၊ တံတား(ရွာမ)ကျေးရွာနှင့် ဇီးတောကျေးရွာတို့၌ အမိုးလန်ခဲ့သည့် နေအိမ်(၁၃)လုံး၊ အိမ်ထောင်စု(၁၃)စု၊ လူဦးရေ (၅၇) ဦးဘေးသင့်ခဲ့ရာ လူဦးရေ (၅၇) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၁၉၇၀၀ိ/-)၊ အမိုးလန်နေအိမ်(၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၇၀၀၀၀ိ/-)၊ ရန်ပုံငွေစုစုပေါင်း (၄၈၉၇၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး (၁၃) အိမ်ထောင်စာတို့ကို (၁၉-၄-၂၀၁၈) ရက်နေ့တွင် မင်းတုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။