ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက် မီးဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်၌ (၁၈-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ ရေပုံးအဖုံးပါ (၂) ပုံး၊ Family Kit (၁)ထုပ်၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၄,၇၀၀ိ/-) ကျပ်တို့အား (၁၉-၄-၂၀၁၈) ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events