၂၀၁၅ခုနှစ်၊ ဇွန်လမှ သြဂုတ်လအတွင်း မြန်မာနိုင်ငံအနှံ့အပြား ဖြစ်ပွားခဲ့သောရေကြီး၊ ရေလျှံမှု နှင့် မြေပြိုမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပအစိုးရများ၊ အဖွဲ့အစည်း များ၊ပြည်သူများက အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းလျှက်ရှိရာ နေပြည်တော်(ရုံးချုပ်)၌ (၂၀-၁၀- ၂၀၁၅)ရက်နေ့တွင် ဦးမောင်မောင်သန်းနှင့်မောင်နှမတစ်စုမှ အလှူငွေကျပ်(၆၀,၀၀၀ိ/-)ကိုလာရောက် လှူဒါန်းခဲ့ရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န်တာ၀န်ခံ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်မှ လက်ခံရယူကာကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဦးအေးမြင့်+ဒေါ်လှအေး၊မိသားစုမှ ငွေကျပ်(၁,၀၀,၀၀၀ိ/-)ကို လက်ခံရရှိပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅)ရက်နေ့မှ (၂၀-၁၀-၂၀၁၅)ရက်နေ့အထိ အလှူရရှိငွေ စုစုပေါင်းမှာ ကျပ်(၈၀၉၈၇,၅၈,၉၆၃/၆၁ပြား)၊ အမေရိကန်ဒေါ်လာ (၃၃၆၉၄၄၈.၇၃)၊ ယူရို (၃၀၀) ဖြစ်ပါသည်။လက်ခံရရှိသော အလှူပစ္စည်းများကို ရေဘေးသင့် ပြည်သူများသို့ ထောက်ပံ့လျှက်ရှိသည့် အပြင် အလှူငွေများကို ဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် သုံးစွဲလျှက်ရှိပါကြောင်း သတင်းရရှိပါသည်။