မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေထိန်သိမ်းရေးကော်မတီသို့ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၉-၁၀-၂၀၁၅) ရက်နေ့အထိ လှူဒါန်းသည့် အလှူငွေစုစုပေါင်း မှာ (၈၀၉၈၅,၉၈,၉၆၃ ကျပ်၊ ၆၁ပြား)၊ အမေရိကန်ဒေါ်လာ (၃၃၆၉၄၄၈.၇၃)၊ ယူရို (၃၀၀) လက်ခံရရှိမှုသတင်း

၂၀၁၅ခုနှစ်၊ ဇွန်လမှ သြဂုတ်လအတွင်း မြန်မာနိုင်ငံအနှံ့အပြား ဖြစ်ပွားခဲ့ သောရေကြီး၊ ရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပအစိုးရများ၊ အဖွဲ့အစည်းများ၊ ပြည်သူများက အလှူငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းလျက်ရှိရာ (၁၉-၁၀- ၂၀၁၅)ရက်နေ့တွင် Ooredoo Co.,Ltd ၊ရန်ကုန်မြို့မှ ငွေကျပ် (၅၇,၀၈,၅၅၀) ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော် အလှူငွေစာရင်းအမှတ် (OA-011834)သို့ တိုက်ရိုက်ထည့်သွင်း ခြင်းနှင့် မူဆယ်မြို့ စေတနာရှင်ပြည်သူ များမှအလှူငွေကျပ် (၁၅၁,၈၅,၂၀၀) ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော် အလှူငွေစာရင်းအမှတ် (CF-002301) သို့ တိုက်ရိုက်ထည့်သွင်းခြင်း စုစုပေါင်းကျပ် (၂၀၈,၉၃,၇၅၀)နှင့် The Consulate General of the Republic of the Union of Myanmar မှအမေရိကန်ဒေါ်လာ (၉၅၆.၄၇)ကို နိုင်ငံခြားအလှူငွေစာရင်းအမှတ် (1DA-0300086)သို့ တိုက်ရိုက်ထည့်သွင်းလှူဒါန်းခဲ့ ပါသည်။

သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၉-၁၀-၂၀၁၅) ရက်နေ့အထိ အလှူ ရရှိငွေ စုစုပေါင်း မှာ (၈၀၉၈၅,၉၈,၉၆၃ ကျပ်၊ ၆၁ပြား)၊ အမေရိကန်ဒေါ်လာ (၃၃၆၉၄၄၈.၇၃)၊ ယူရို (၃၀၀) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူပစ္စည်းများ ကိုရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျှက်ရှိသည့်အပြင် အလှူငွေများကို ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သုံးစွဲလျက်ရှိပါ ကြောင်း သတင်းရရှိပါသည်။

 အလှူငွေလက်ခံရရှိမှုစာရင်း

 

 

 

Sign Up

Upcoming Events