လေဘေးထောက်ပံ့မှုသတင်း

 

12 Pic 02

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့ နယ်၊ ဂွေးဂုံကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာ၊ ပေပင်ရှင်မကျေးရွာ၊ ချောင်းကူးကျေးရွာအုပ်စု၊ ချောင်းကူး ကျေးရွာ၊ ဆပန်ကျေးရွာအုပ်စု၊ မိုးကောင်း ကျေးရွာ၊ ချိုင်ဇောက်ကျေးရွာအုပ်စု၊ ချိုင်ဇောက်(အ) ကျေးရွာတို့၌ (၁၀-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၂) လုံး၊ အမိုးလန်အိမ်ခြေ (၂၉)လုံး၊ အိမ်ထောင်စု (၃၁)စု၊ လူဦးရေ (၁၂၁)ဦးဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၃၀၀,၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၅၄,၁၀၀ိ/-)ကျပ်၊ ပြိုကျပျက်စီးနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အမိုးလန်အိမ်ခြေ (၂၉) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ စုစုပေါင်း (၁,၅၅၄,၁၀၀ိ/) (ကျပ်တစ်ဆယ့်ငါးသိန်းငါးသောင်းလေးထောင့်တစ်ရာတိတိ)တို့အား (၁၁-၄-၂၀၁၈) ရက်နေ့တွင် ပေါက်မြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ ပုညမုဒိတာ ကျန်းမာရေးစောင့်ရှောက်မှု နှင့် သွေးလှူရှင်အသင်း(ပခုက္ကူ)တို့နှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ခူခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events