ဇလွန်မြို့နယ်၊ တောင်ပို့တစ်ရာကျေးရွာအုပ်စု၊ ရေလယ်သောင်ကျေးရွာကမ်းပြိုဘေးထောက်ပံ့မှုသတင်း

12 Pic 02 12 Pic 03 12 Pic 04

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ တောင်ပို့တစ်ရာကျေးရွာအုပ်စု၊ ရေလယ်သောင်ကျေးရွာ၌ (၁၀-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၃၆) လုံး၊ အိမ်ထောင်စု (၃၆) စုမှ လူဦးရေ (၁၄၄) ဦးတို့ အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၆၀၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၃၀၂,၄၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃,၉၀၂,၄၀၀ိ/-) ကျပ်တို့အား (၁၁-၄-၂၀၁၈) ရက်နေ့တွင် ဇလွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events