UEHRD စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ် (၅) ကြိမ်မြောက်နှင့် (၆) ကြိမ်မြောက်အကြား လူသားချင်းစာနာထောက်ထားမှုအကူအညီများ အဆက်မပြတ်စေရေးအတွက် ကျေးရွာပေါင်း (၁၀) ရွာမှ အိမ်ထောင်စု များအတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်မှုသတင်း

10 Pic 02 10 Pic 03ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် UEHRD စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ် (၅) ကြိမ်မြောက်နှင့် (၆) ကြိမ်မြောက်အကြား လူသားချင်းစာနာ ထောက်ပံ့မှုအကူအညီများ အဆက်မပြတ်စေရေးအတွက် မောင်တောမြို့နယ်၊ မြောက်ပိုင်းသစ်တုံးနားခွ ဆုံကျေးရွာအုပ်စုအတွင်းမှ သစ်တုံးနားလေးမြို့ရွာ၊ ဘန်ဒိုက်ရွာ၊ ခရုချောင်းရွာ၊ ကုန်းရွာ၊ မျောက်ခေါင်း တောင်ရွာ၊ ပန်းချောင်းရွာ၊ အင်းချောင်းအထက်ရွာ၊ အင်းချောင်းအောက်ရွာ၊ ကျောက်လုံးရွာ၊ ပျာရည်ရွာ ကျေးရွာပေါင်း (၁၀) ရွာမှ အိမ်ထောင်စု (၂၄၅) စု၊ လူဦးရေ (၁၅၉၈) ဦးအတွက် ဆန် (၄၉၆) အိတ် (၁၃) ပြည် (၄) ဘူး၊ ဆီ (၅၉၅.၈၇၅) ပိဿာ၊ ပဲ (၂၃၈၄) ပိဿာ၊ ဆား (၁၁၉.၁၇၅) ပိဿာတို့အား (၉-၄-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events