
=================================================
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
=================================================
(၂-၄-၂၀၁၈) ရက်နေ့တွင် ဟားခါးမြို့နယ်၊ ဈေးသစ်ရပ်ကွက်၊ သီတာလမ်းသွယ်၊ အိမ်အမှတ် (ဈသ/၄၀၇)၊ ဦးလိန်းနိုင်း၏ (၃၀×၂၀) ပေ၊ အုပ်ညှပ် (၂) ထပ်နေအိမ်၌ တယ်လီဖုန်း အားသွင်းရာမှ အပူလွန်ကဲ၍ မျက်နှာကျက်မီးလောင်ကျွမ်းခဲ့ပြီး၊ ၎င်းတစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ၁၀၀၀၀၀ ကျပ်၊ ဘေးသင့်လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၁၀၅၀၀) ကျပ်၊ စုစုပေါင်း (၁၁၀၅၀၀) ကျပ်နှင့် ဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးအား (၃-၄-၂၀၁၈) ရက်နေ့တွင် ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။