လေဘေးသင့်ကျေးရွာများအား ထောက်ပံ့မှုသတင်း

3 Pic 10

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင် ကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာ၊ အမိုးလန်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀ိ/-) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၆၂,၆၀၀)ကျပ်အားလည်းကောင်း၊ ကျွန်းတက်ပဲ့ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ ပြိုလဲနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုး(၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀) မျိုး(၂) အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်း ဖိုးငွေ တစ်အိမ်လျှင် (၃၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၆၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀ိ/-)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ (၁၂၆၈၀၀ိ/-) ကျပ်အားလည်းကောင်း၊ ချိုင်းအုပ်စု၊ မဲဒီကျေးရွာ အမိုးလန်နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁x၅၀,၀၀၀ိ/-)၊ (၁x၃၀,၀၀၀ိ/-)စုစုပေါင်း (၈၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀ိ/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၉၆၈၀၀ိ/-) ကျပ်တို့အား (၃-၄-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events