မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေထိန်သိမ်းရေးကော်မတီသို့ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၅-၁၀-၂၀၁၅) ရက်နေ့အထိ လှူဒါန်းသည့် အလှူငွေစုစုပေါင်း ကျပ် (၈၀၇၇၇,၀၅,၂၁၃/၆၁ါး)၊ အမေရိကန်ဒေါ်လာ (၃၃၆၈၄၉၂.၂၆)နှင့် ယူရို (၃၀၀) လက်ခံရရှိမှုသတင်း

၁။      ၂၀၁၅ခုနှစ်၊ ဇွန်လမှ သြဂုတ်လအတွင်း မြန်မာနိုင်ငံအနှံ့အပြား ဖြစ်ပွားခဲ့သော ရေကြီး၊ ရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပအစိုးရများ၊ အဖွဲ့အစည်းများ၊ ပြည်သူများက အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းလျက်ရှိရာ နေပြည်တော်(ရုံးချုပ်) ၌ (၁၅-၁၀- ၂၀၁၅) ရက်နေ့တွင် Myanmar Mobile Money သုံးစွဲသူပြည်သူများမှ အလှူငွေကျပ် (၃,၇၂,၅၀၀)၊ ဥပဒေပြုဌာနကြီးဝန်ထမ်းများ(အမျိုးသားလွှတ်တော်) မှ အလှူငွေကျပ် (၄၂,၀၀၀) လက်ခံရရှိပါသည်။

၂။        ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဦးသာကျော်(မိသားစု)မှငွေကျပ်(၅,၀၀,၀၀၀)ကိုလက်ခံရရှိ ပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၅-၁၀-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ်(၈၀၇၇၇,၀၅,၂၁၃/၆၁ါး)၊ အမေရိကန်ဒေါ်လာ (၃၃၆၈၄၉၂.၂၆)၊ ယူရို (၃၀၀) ဖြစ်ပါသည်။ လက်ခံရရှိသောအလှူပစ္စည်းများကိုရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျှက်ရှိသည့်အပြင် အလှူ ငွေများကိုဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သုံးစွဲလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

လက်ခံရရှိသော အလှူငွေစာရင်းအား အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်-

အလှူငွေလက်ခံရရှိမှုစာရင်း

 

Sign Up

Upcoming Events