လေဘေးသင့်သာသာရေးကျောင်းနှင့် လေဘေးသင့်ကျေးရွာများအား ထောက်ပံ့မှုသတင်း

3 Pic 07 3 Pic 08ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် လယ်ဝေးမြို့နယ်အတွင်း (၂-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် သပြေပင် ကျေးရွာ၌ လေဘေးသင့်ပြိုလဲနေအိမ် (၂)လုံးအတွက် တစ်အိမ်လျှင် (၁၀၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၂၀၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၄) လုံးအတွက် တစ်အိမ်လျှင် (၅၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၂၀၀,၀၀၀ိ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၈) လုံးအတွက် တစ်အိမ်လျှင် (၂၀,၀၀၀ိ/-)ကျပ်နှုန်းဖြင့် (၁၆၀,၀၀၀ိ/-) ကျပ်၊ ပြိုလဲ (၂) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ အမိုးလန် နေအိမ် (၁၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁၂) အိမ်ထောင်စာနှင့် လူဦးရေ (၆၂) ဦးအတွက် ဆန်ရိက္ခာဖိုုးငွေ (၁၃၀,၂၀၀ိ/-)ကျပ်၊ အမိုးလန်ဘာသာရေးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့အလှူငွေ (၅၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၄၀,၂၀၀ိ/-)ကျပ်အားလည်းကောင်း၊ နောင်ဘိုကျေးရွာ ပြိုလဲ နေအိမ် (၁)လုံးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၁) လုံးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၇) လုံးအတွက် တစ်အိမ်လျှင် (၂၀၀၀၀ိ/-)ကျပ်နှုန်းဖြင့် (၁၄၀,၀၀၀ိ/-)ကျပ်၊ ပြိုလဲနေအိမ် (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အမိုးလန်နေအိမ် (၈)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၈)အိမ်ထောင်စာနှင့် လူဦးရေ (၅၂) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၁၀၉,၂၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၉၉,၂၀၀ိ/-) ကျပ်အား လည်းကောင်း၊ တောင်သာကျေးရွာ အမိုးလန်နေအိမ် (၁) လုံးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-) ကျပ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁) လုံးအတွက် (၂၀,၀၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၂) အိမ်ထောင်စာနှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၈၈,၉၀၀ိ/-) ကျပ်အားလည်းကောင်း၊ ကြောင်ရေကျေးရွာ အမိုးလန်နေအိမ် (၅) လုံးအတွက် တစ်အိမ်လျှင် (၅၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၂၅၀,၀၀၀ိ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံးအတွက် ထောက်ပံ့ငွေ (၂၀,၀၀၀ိ/-)ကျပ်၊ ပြိုလဲနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ (၁)အိမ်ထောင်စာ၊ အမိုးလန်နေအိမ် (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၅) အိမ်ထောင်စာနှင့် လူဦးရေ (၂၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၄,၆၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၄,၆၀၀ိ/-) ကျပ်တို့အား (၃-၄-၂၀၁၈) ရက် နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events