လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများအား ထောက်ပံ့မှုသတင်း

 

3 Pic 05

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိ သူ များသည် လယ်ဝေးမြို့နယ်၊ ငှက်ပျောတောကျေးရွာ၌ (၂-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေးဘေး ကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ  (၁၃) လုံးအတွက် တစ်အိမ်လျှင် (၅၀,၀၀၀ိ/-)ကျပ်နှုန်းဖြင့် (၆၅၀,၀၀၀ိ/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၄) လုံးအတွက် တစ်အိမ်လျှင် (၂၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၈၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၇၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၅၇,၅၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၇) အိမ်ထောင်စာအားလည်းကောင်း၊ ရွှေပြည်အေးကျေးရွာ အမိုးလန်နေအိမ် (၁၁) လုံးအတွက် တစ်အိမ် လျှင် (၅၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၅၅၀,၀၀၀ိ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၈) လုံးအတွက် တစ်အိမ်လျှင် (၂၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၁၆၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၈၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၈၂၇၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁၉)အိမ်ထောင်စာအားလည်းကောင်း ရှားချောင်း ကျေးရွာ အမိုးလန်နေအိမ် (၁) လုံးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁) အိမ်ထောင်စာ စုစုပေါင်း ထောက်ပံ့ငွေ (၁,၈၄၀,၇၀၀ိ/-)ကျပ်တို့အား (၃-၄-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events