
=================================================
၃-၄-၂၀၁၈ နေပြည်တော်
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ The United Nations Office for the Coordination of Humanitarian Affairs(OCHA) မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးဖြစ်သူ Ms. Ursula Mueller ဦးဆောင်သောအဖွဲ့မှ (၃-၄-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသု့ိတွေ့ဆုံရာတွင် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသော အစိုးသစ်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ရန်အတွက် ဗဟိုကော်မတီအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဌအဖြစ်တာဝန်ယူ၍ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ပြီး လုပ်ငန်းကော်မတီ (၄) ခုဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်နေသည့်ကိစ္စများ၊ ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအား ဦးစားပေးအဆင့်အလိုက် အကောင်အထည်ဖေါ်ဆောင်နေမှုများ၊ အကြမ်းဖက်မှုဖြစ်စဉ်များအပြီး လူသားချင်း စာနာမှု အကူအညီများထောက်ပံ့နိုင်ရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် UEHRD ၏ လုပ်ငန်းအဖွဲ့ (၁၀) ဖွဲ့ဖြင့် သက်ဆိုင်ရာကဏ္ဍများတွင် အကောင်အထည်ဖေါ်နေသည့်လုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်(၂)နိုင်ငံ သဘောတူချက်များအရ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအဆင်သင့်ဖြစ်နေမှုများ၊ ၂၀၁၂ ခုနှစ်က ဖွင့်လှစ်ခဲ့သော ခိုလှုံရေးစခန်းများ ပိတ်သိမ်းနေပြီး ပြန်လည်နေရာချထားရေးအတွက် ဘက်ပေါင်းစုံမှ ချဉ်းကပ် ဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတိုးမြှင့်ရန်၊ ပညာသင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊ နိုင်ငံသားဖြစ်မှုစိစစ်ရေးလုပ်ငန်းတို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေမှုများ၊ UNOCHA အနေဖြင့် ရခိုင် ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖေါ်ရေးလုပ်ငန်းများအား ကူညီပံ့ပိုးမည့်ကိစ္စများ၊ နိုင်ငံတွင်းရှိအစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးကိစ္စများ၊ နိုင်ငံတွင်းပြန်လည်ဝင်ရောက်လိုသူများ စားဝတ်နေထိုင်ရေး အခြေအနေတိုးတက်စေရန် ကူညီထောက်ပံ့မည့်ကိစ္စရပ်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် Civil-Military ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ ပိုမိုပေးအပ်မည့်ကိစ္စများနှင့် မြန်မာနိုင်ငံနှင့် ရှေ့ဆက်ပူပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။