
=================================================
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
=================================================
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း (၃၁-၃-၂၀၁၈) ရက်နေ့ (၁ရး၃၀) အချိန်ခန့်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေကျခြင်းတို့ဖြစ်ပွားခဲ့ရာ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်အတွင်းရှိ သစ်ပင်ပိ ပြိုလဲပျက်စီးနေအိမ် (၁) လုံးနှင့် အမိုးလန်အိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅) သိန်းနှင့် လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၉၀၃၀၀) ကျပ်အား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် (၂-၄-၂၀၁၈) ရက်နေ့ (၁၅း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။