
=================================================
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
=================================================
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း (၃၁-၃-၂၀၁၈) ရက်နေ့ (၁ရး၃၀)အချိန်ခန့်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေကျခြင်းတို့ဖြစ်ပွားခဲ့ရာ ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်အုပ်စု၊ သဲဖြူတဲစုကျေးရွာ၌ နေအိမ် (၃) လုံး ပြိုကျပျက်စီးကာ အိမ်ခြေ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၂) ဦး ဘေးဒုက္ခကြုံတွေ့ခံစားခဲ့ရသဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃) သိန်း၊ ဆန်ရိက္ခာဖိုးငွေ (၂၅၂၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးအား (၂-၄-၂၀၁၈) ရက်နေ့ (၁၆း၃၀) နာရီအချိန်တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။