ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေး တိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ၌ (၁-၄-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၄၄) လုံး ပျက်စီးခဲ့ပါသည်။ အဆိုပါ လေဘေးသင့် လုံးဝပျက်စီးနေအိမ် (၃၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုး (၃၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၂၀၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်နေအိမ် (၄၂) လုံးအတွက် တစ်အိမ်လျှင် (၆၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၂,၅၂၀,၀၀၀ိ/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၇၀) လုံးအတွက် တစ်အိမ်လျှင် (၃၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၂,၁၀၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇,၈၂၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၆၃၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက် စာ (၁,၃၃၃,၅၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉,၁၅၃,၅၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၁၂) အိမ်ထောင်စာတို့အား (၂-၄-၂၀၁၈) ရက် နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)