
=================================================
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
မြန်အောင်မြို့နယ်၊ ဌက်ကြီးကွင်းကျေးရွာအုပ်စု၊ မှန်တန်းကျေးရွာ၌ (၂၆-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ၃ သိန်း၊ ဆန်ရိက္ခာဖိုး ၁၂၆၀၀ ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၁၂၆၀၀) ကျပ်တို့ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄ -၂၀၁၈) ရက်နေ့တွင် ဘေးဖြစ်ပွားခဲ့သည့်နေရာသို့ သွားရောက်ကာ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။