
===============================================
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်း (၁-၄-၂၀၁၈)ရက်နေ့ (၂၀း၃၀)အချိန်ခန့်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပွားခဲ့ရာ ကြာကန်ကျေးရွာ၌ နေအိမ် (၃၂)လုံး ပြိုကျပျက်စီးကာ နေအိမ်(၁၁၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၄၄)စုမှ လူဦးရေ (၆၃၅)ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ရသည့်အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများက (၂-၄-၂၀၁၈)ရက်နေ့တွင် လေပြင်းဒဏ်ခံခဲ့ရသည့် ကြာကန် ကျေးရွာသို့ သွားရောက်၍ တန်ဖိုးငွေ(၂,၅၉၆,၄၁၆ိ/-)ရှိ ကယ်ဆယ်ရေးပစ္စည်းများ၊ ဆန်ရိက္ခာဖိုးငွေ (၁,၃၃၃,၅၀၀ိ/-)၊အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇,၈၂၀,၀၀၀ိ/-)၊ ငွေသားနှင့်ပစ္စည်းတန်ဖိုးစုစုပေါင်း (၁၁,၇၄၉,၉၁၆ိ/-) (ကျပ်တစ်ရာတစ်ဆယ့်ခုနစ်သိန်း လေးသောင်းကိုးထောင်ကိုးရာတစ်ဆယ့်ခြောက် တိတိ)အား ထောက်ပံ့ပေးခဲ့ပါသည်။
(၁-၄-၂၀၁၈)ရက်နေ့ (၀၁း၄၅)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စု၊ မြောင်းမြ – ပုသိမ်ကားလမ်းမပေါ်တွင်တည်ရှိသည့် မြောင်းမြမြစ်ကူး တံတားသည် သံမဏိကြိုးများပြတ်၍ မြောင်းမြမြစ်အတွင်းသို့ ပြုတ်ကျစဥ် တံတားပေါ်၌ ဖြတ်သန်း လျက်ရှိသည့် ယာဥ်အမှတ် 2J/ 1599 နှင့်အတူ မြောင်းမြမြစ်အတွင်းသို့ ပြုတ်ကျသေဆုံးသွားသူ(၂)ဦး အတွက် (၁)ဦးလျှင်(၃၀၀,၀၀၀ိ/-)နှုန်းဖြင့် ထောက်ပံ့ငွေ(၆၀၀,၀၀၀ိ/-)(ကျပ်ခြောက်သိန်းတိတိ) အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများက (၂-၄-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။