၂-၄-၂၀၁၈၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရေး ကော်မတီအကြံပေးအဖွဲ့ဥက္ကဌ Dr. SurakiartSathirathai ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလကပထမဆုံးတွေ့ဆုံသည့် အစည်းအဝေးတွင် တင်ပြခဲ့ သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်မှုဆိုင်ရာ နောက်ဆုံးလုပ်ငန်း တိုးတက်မှုအခြေအနေများ၊ အကြံပေးကော်မတီကထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ကနဦး အကြံပြုမှုအနေဖြင့် ဆောင်ရွက်သင့်သည့်အချက်များ၊ဖော်ထုတ်တင်ပြခဲ့ရာယင်းတို့အနက် ရခိုင်ပြည်နယ် ကိစ္စအားဆောင်ရွက်ရာတွင် အဆင့်တိုင်းရှိ ပါဝင်ပတ်သက်သူများနှင့်ဆွေးနွေးရေး၊ လူသားချင်းစာနာမှု အကူအညီအပြည့်အဝရရှိစေရေး၊ မီဒီယာများသတင်းရယူနိုင်ရေးနှင့် ပြန်လည်လက်ခံရေး၊ ပြန်လည် နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများတွင် ကုလသမဂ္ဂအဖွဲ့များ ပါဝင် ဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ လက်တွေ့ဆောင်ရွက်နေသည့်အခြေအနေများ၊ စေတနာ့ဝန်ထမ်း လူငယ်များမှလူသားချင်းစာနာမှုအကူအညီများထောက်ပံ့နေမှု၊ WFP နှင့် Red Cross Movement မှတဆင့်ကူညီထောက်ပံ့နေမှုများ၊ သက်မွေးဝမ်းကျောင်းသင်တန်းများပို့ချနေမှု၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန် လမ်းသစ်များဖောက်လုပ်နေမှု၊ တံတားများတည်ဆောက်ဖွင့်လှစ်နေမှု၊ ၂၄ နာရီ လျှပ်စစ်မီးရရှိနိုင်ရေးဆောင်ရွက်နေမှုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှအသက်(၂)နှစ်အရွယ် အထိငွေကြေးထောက်ပံ့မှုအစီအစဉ်အားရခိုင်ပြည်နယ်အတွင်းအကောင်အထည်ဖော်နေမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုတိုးမြှင့်ရန်၊ပညာသင်ကြားနိုင်ရေးအတွက်သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်းဆောင်ရွက်နေမှုများ၊ လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်၊ နိုင်ငံသားဖြစ်မှုစိစစ်ရေးလုပ်ငန်းများ အရှိန် မြှင့်တင်ဆောင်ရွက်နေမှုများ၊ သတင်းမီဒီယာများနှစ်ပတ်လျှင်တစ်ကြိမ် ရခိုင်ပြည်နယ် အတွင်းသွားရောက် သတင်းယူနေသည့်ကိစ္စများ၊ ၂၀၁၂ ခုနှစ်က ဖွင့်လှစ်ခဲ့သော ခိုလှုံရေးစခန်းများပိတ်သိမ်းနေပြီး ပြန်လည် နေရာချထားရေးအတွက် ဘက်ပေါင်းစုံမှ ချဉ်းကပ်ဆောင်ရွက်နိုင်ရေး၊ အာဆီယံအသိုက်အဝန်းနှင့်ပူးပေါင်း၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် စမ်းသပ်စီမံကိန်း အားသတ်မှတ်ကျေးရွာတွင်ဆောင်ရွက်နိုင်ရေးကိစ္စများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများပူးပေါင်း၍ ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာကူညီမှု၊ ပြန်လည်နေရာ ချထားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်ကိစ္စများ၊ ထိုင်းနိုင်ငံမှ သက်ဆိုင်ရာနယ်ပယ်တွင် ကျွမ်းကျင်ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လာရောက် ကူညီမှုကိစ္စများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။