ဒက္ခိဏသီရိမြို့နယ်၊ သီရိမင်္ဂလာကျေးရွာ လေဘေးထောက်ပံ့မှုသတင်း

 

2 Pic 02 2 Pic 03

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၃၁-၃-၂၀၁၈) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးရွာသွန်းခြင်း၊ လေပြင်း တိုက်ခတ်ခြင်းနှင့် မိုးသီးကြွေကျခြင်းတို့ကြောင့် ဒက္ခိဏသီရိမြို့နယ်၊ သီရိမင်္ဂလာကျေးရွာ၌ နေအိမ် (၂၁) လုံး ပြိုကျပျက်စီးခဲ့ခြင်းနှင့်  နေအိမ် (၂၇) လုံးနှင့် ဘာသာရေးအဆောက်အဦ (၂) လုံး အမိုးလန်ပျက်စီးခဲ့ရာ အိမ် ထောင်စု (၄၈) စုမှ လူဦးရေ (၂၂၇) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်းနှင့် ရွှေခဲအင်းကျေးရွာ၌ လူနေအိမ် (၁)လုံး ပြိုကျပျက်စီးပြီး နေအိမ် (၁) လုံး အမိုးလန်ပျက်စီးခဲ့ရာ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၆) ဦး ဘေးဒုက္ခ ကြုံတွေ့ခဲ့ရပါသည်။ အဆိုပါ ဘေးသင့် ဘာသာရေးအဆောက်အဦများ၊ နေအိမ်များနှင့် ဘေးသင့်ပြည်သူ များ အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၈၉,၃၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကျောင်း ဆောက်ပစ္စည်းဖိုး ငွေ (၃၉၄၀,၀၀၀ိ/-)ကျပ်နှင့် တန်ဖိုးငွေ (၁,၂၀၉,၅၆၆ိ/-)ရှိ ကယ်ဆယ်ရေးပစ္စည်းများ၊ စုစုပေါင်း (၅,၆၃၈,၈၆၆ိ/-)ကျပ်တို့အား (၁-၄-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ဒေသသို့ သွားရောက်၍ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events