လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထိုင်းနိုင်ငံ၊မဲဆောက်မြို့Tak ခရိုင်တွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတွင် သေဆုံးသူနှင့်ဒဏ်ရာရသူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

31_Pic_02

၃၀.၃.၂၀၁၈၊ နေပြည်တော်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ပလုပ်ကိုင်ခွင့်လိုင်စင်ရ Stars Pioneer Co.,Ltd ၏ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ Tomy (Thailand) Co.,Ltdတွင် သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမား (၁၈၆)ဦးသည် မြဝတီမြို့မှ တစ်ဆင့် လုပ်ငန်းခွင်သို့ မော်တော်ယာဉ်(၄)စီးဖြင့် သွားရောက်ရာ မော်တော်ယာဉ် အမှတ် IO-3824 သည် (၃၀-၃-၂၀၁၈)ရက်နေ့၊ နံနက် (၂) နာရီအချိန်ခန့်တွင် မဲဆောက်မြို့အလွန် Tak ခရိုင်အနီး တောင်ပေါ်အဆင်းလမ်းတွင် ကားမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အမျိုးသား (၂)ဦး၊ အမျိုးသမီး(၁၈)ဦး စုစုပေါင်း (၂၀)ဦး မီးလောင်သေဆုံးခဲ့ပြီး အမျိုးသမီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် Tak ခရိုင် ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင် ကုသပေးလျက်ရှိပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သေဆုံးသူ(၂၀)ဦးအတွက်  ကျပ်(၆၀)သိန်းနှင့် ဒဏ်ရာရသူ(၃)ဦးအတွက် ကျပ်(၃)သိန်း စုစုပေါင်းကျပ်(၆၃)သိန်းကို ယနေ့ညနေပိုင်း တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကထောက်ပံ့ပေးအပ်ရာ လူမှုဖူလုံရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေး နှင့်အဖွဲ့က လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events