ဗန်းမော်မြို့နယ် လက်ပံတန်းကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြို၍ ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုသတင်း

30_Pic04
=================================================
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================

(၃၀-၃-၂၀၁၈) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ် လက်ပံတန်းကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြို၍ ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု (၁) စုမှ လူဦးရေ (၈) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊   အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၁) သိန်းနှင့် ဆန်ရိက္ခာဖိုးငွေ (၁၆၈၀၀) ကျပ်တို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events