ကယားပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော မြေပြိုဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၏ထောက်ပံ့မှုများ

၂၀၁၅ခုနှစ်၊ အောက်တိုဘာလ(၁၀) ရက်နေ့နှင့် (၁၁) ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကယားပြည်နယ်ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စုရှိတောင်ပေါ်ရွာ၊ (၁၆) ကုန်းရွာ၊ (၁၃) ကုန်းရွာ၊ လိုခါးလိုရွာနှင့် ဇီးပင်ကွေ့ကျေးရွာတို့၌ မြေပြိုမှုဖြစ်ပွားခဲ့ရာ နေအိမ် (၆၀) လုံးနှင့် ဘုရားကျောင်း (၁) ကျောင်း ပြိုကျပျက်စီးခဲ့၍ လူဦးရေစုစုပေါင်း (၃၆၉) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်းနှင့် လူ (၁၆) ဦး သေဆုံးပြီး (၆) ဦး ပျောက်ဆုံးခဲ့ကြောင်း ကနဦးသတင်းရရှိခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ဆန်ရိက္ခာဖိုးငွေ (၆၁၉၅၀၀)၊ သေဆုံး/ပျောက်ဆုံး ထောက်ပံ့ငွေ (၂၂၀၀၀၀၀) နှင့် တန်ဖိုးငွေ (၂၂၀၆၆၀၀) ရှိ ကယ်ဆယ်ရေးပစ္စည်းများ၊ စုစုပေါင်းငွေသားနှင့် ပစ္စည်းထောက်ပံ့မှု (၅၀၂၆၁၀၀) (ကျပ်သိန်းငါးဆယ်နှစ်သောင်းခြောက်ထောင့်တစ်ရာတိတိ) ကို ပြည်နယ်အစိုးရအဖွဲ့မှတဆင့် ထောက်ပံ့ခဲ့ပြီး လိုအပ်သည်များဆက်လက်ထောက်ပံ့နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

 

Sign Up

Upcoming Events