သဘာဝဘေးလျော့ပါရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း

27_Pic_01

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဦးသန်းစိုး (ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများသည် (၂၇-၃-၂၀၁၈) ရက်နေ့တွင်  ပုသိမ်မြို့နယ်၊ ကွင်းပေါက်ကြီးကျေးရွာအုပ်စု၊ ကွင်းပေါက်ကြီး ကျေးရွာ၌ (၀၉း၃၀) နာရီမှ (၁၁း၃၀) နာရီအချိန်အထိ ပြည်သူလူထု(၁၅၀)ဦးခန့် ဖြင့်လည်းကောင်း၊ သစ်ပုတ်ကုန်းကျေးရွာအုပ်စု၊ သစ်ပုတ်ကုန်းကျေးရွာ၌  (၁၃း၀၀) နာရီအချိန်မှ (၁၅း၀၀)နာရီအချိန်ထိ ပြည်သူလူထု (၁၂၀) ဦးခန့်ဖြင့်လည်းကောင်း သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း ပြည်သူလူထု(၂၇၀)ဦးခန့် တက်ရောက်ခဲ့ပြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအကြောင်း ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

Source:     ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events