ဘေးအန္တရာယ်ဆိုင်ရာသိပ္ပံပညာ (Disaster Science) စာအုပ်များပေးအပ်လှူဒါန်းမှုသတင်း

27_Pic_03 27_Pic_04 27_Pic_05 27-Pic_05

၂၇.၃.၂၀၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ထူးချွန်ထက်မြက်သော အမျိုးသားကျောင်းသား ဟောင်းများ အသိပညာပြန့်ပွားရေးအဖွဲ့ (Outstanding Ex-National Students-OENS) မှ ဘေးအန္တရာယ်ဆိုင်ရာသိပ္ပံပညာ (Disaster Science) စာအုပ်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားအား (၂၆.၃.၂၀၁၈)ရက်နေ့ မွန်းလွဲ(၂)နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၆၄) ကမ္ဘာအေးဘုရားလမ်းရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ လှူဒါန်းသည့်စာအုပ်များအားလက်ခံကာ ကျေးဇူးတင်စကား ပြောကြား ခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် မွေးစမှအိုမင်းသည်အထိ သက်ရွယ်စုံအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဘေးအန္တရာယ်ကျရောက်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအပြင် အခြေခံလူ့အခွင့်အရေး များရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးနေပါကြောင်း၊ ရင်ခွင်မဲ့ကလေးငယ်များ၊ လမ်းပေါ်နေ ကလေးများ၊ လူကုန်ကူးခံရသူများ၊ မူးယစ်ဆေးစွဲသူများ၊ မသန်စွမ်းများ၊ သက်ကြီးရွယ်အိုများအား ပြန်လည်ထူထောင်ရေးအတွက် ဦးစီးဌာနအသစ်တစ်ခုအား ဇန်နဝါရီလမှစတင်၍ တိုးချဲ့ဖွင့်လှစ်ထားပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဆိုပါ ထိခိုက်လွယ်အုပ်စုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် တိုင်းဒေသကြီးအစိုးရမှ မြေနေရာချထားပေးထားပါကြောင်း၊ အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လှူဒါန်းမှုအတွက်ကျေးဇူးတင်ရှိပါကြောင်း ပြောကြား ပါသည်။
ထို့နောက် အလှူရှင်များကိုယ်စား စာရေးသူ-သိပ္ပံစာရေးဆရာကိုကိုအောင်မှ ထူးချွန် ထက်မြက်သော အမျိုးသားကျောင်းသား ဟောင်းများ အသိပညာပြန့်ပွားရေးအဖွဲ့၏လှူဒါန်း ခဲ့မှုများအား ရှင်းလင်းပြောကြားကာ ၎င်းရေးသားသည့် “သဘာဝဘေးနှင့် လူဖန်တီးသော ဘေးအန္တရာယ်များ” စာအုပ် (၂၀၁၇ ခုနှစ်၊ ထွန်းဖောင်ဒေးရှင်း စာပေဆုရစာအုပ်) (၃၀၀) အုပ် နှင့် “ကောင်းဆိုး နှစ်ဖြာ အဏုမြူနည်းပညာ”စာအုပ် (၂၅)အုပ် ၊ စုစုပေါင်းတန်ဖိုးငွေ (၁၈၇၅၀၀၀) ကျပ်တန်ဖိုးရှိ စာအုပ်များအား ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events