မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီသို့ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၉-၁၀-၂၀၁၅) ရက်နေ့အထိ လှူဒါန်းသည့် အလှူငွေစုစုပေါင်းမှာ (၈၀၇၆၇,၉၀,၇၁၃ကျပ် ၆၁ပြား)၊ အမေရိကန်ဒေါ်လာ (၃၃၆၈၄၉၂.၂၆)၊ ယူရို (၃၀၀) လက်ခံရရှိမှုသတင်း

၂၀၁၅ခုနှစ်၊ ဇွန်လမှ သြဂုတ်လအတွင်း မြန်မာနိုင်ငံအနှံ့အပြား ဖြစ်ပွားခဲ့သောရေကြီး၊ ရေလျှံမှု နှင့် မြေပြိုမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပအစိုးရများ၊ အဖွဲ့အစည်း များ၊ပြည်သူများက အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းလျှက်ရှိရာ နေပြည်တော်(ရုံးချုပ်)၌ (၉-၁၀- ၂၀၁၅) ရက်နေ့တွင် ဒေါ်မြစိမ်းအေး၊ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)၊အဆောက်အဦ ဦးစီးဌာန၊ဆောက် လုပ်ရေး၀န်ကြီးဌာနမှ အလှူငွေ ကျပ်(၄၄,၄၀,၀၀၀) လာရောက်လှူဒါန်းခဲ့ပြီး၊ Global Power Synergy PCL မှအမေရိကန်ဒေါ်လာ(၅၀၀၀၀)ကို နိုင်ငံခြားအလှူငွေစာရင်းအမှတ်(1DA-0300086) သို့ တိုက်ရိုက်ထည့်သွင်းလှူဒါန်းခဲ့ပါသည်။ လာရောက်လှူဒါန်းခဲ့မှုများအတွက် အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေမှ လက်ခံရယူကာကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဦးအေးမင်း(မိသားစု)မှငွေကျပ်(၂၉,၆၀၀)၊ မြန်မာမွတ်စလင် အမျိုးသမီးသာသနာ့ရိပ်သာရှိ ကျောင်းသူကလေးများအဖွဲ့မှ ငွေကျပ်(၁,၃၁,၀၀၀)တို့ကို လက်ခံရရှိ ပါသည်။ သို့ဖြစ်ပါ၍(၂၉-၇-၂၀၁၅)ရက်နေ့မှ(၉-၁၀-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ (၈၀၇၆၇,၉၀,၇၁၃ကျပ် ၆၁ပြား)၊ အမေရိကန်ဒေါ်လာ (၃၃၆၈၄၉၂.၂၆)၊ ယူရို (၃၀၀) ဖြစ်ပါသည်။ လက်ခံရရှိသောအလှူပစ္စည်းများကိုရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျှက်ရှိသည့်အပြင် အလှူ ငွေများကိုဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သုံးစွဲလျှက်ရှိပါကြောင်း သတင်း ရရှိပါသည်။

အလှူငွေလက်ခံရရှိမှုစာရင်း

Sign Up

Upcoming Events