
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၃-၂၀၁၈)ရက်နေ့နှင့် (၂၆-၃ -၂၀၁၈) ရက်နေ့တို့တွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျွန်းကလေးကျေးရွာ အုပ်စု ပဒေသါကျေးရွာနှင့် ဇီးကျွန်းကျေးရွာအုပ်စု ဧရာဦးကျေးရွာ တို့တွင် လေဘေးကြိုတင်ပြင် ဆင်ရေးအတွက် နေအိမ်များ ခိုင်ခံ့မှု ရှိ/ မရှိ စစ်ဆေးခြင်း၊ အမိုးအကာများပြင်ဆင်ပေးခြင်း၊ နေအိမ် များကြံ့ခိုင်မှုရှိစေရန် သွပ်နန်းကြိုးများ တုတ်ပေးခြင်း စသည့်လုပ်ငန်းများ ကို ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေတောင်လူမှုကယ်ဆယ်ရေး Rescue အဖွဲ့များနှင့် ကျေးရွာများရှိ စေတနာ့ဝန်ထမ်းလုပ်အား ရှင်များနှင့်အတူပူးပေါင်း၍ သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)