ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာများမှ အိမ်ထောင်စုုများအား ထောက်ပံ့ပေးမှုသတင်း

27_Pic_02

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၁၈)ရက်တွင် UEHRD စေတနာ့ ဝန်ထမ်း လူငယ်အစီအစဉ် (၅)ကြိမ်မြောက်နှင့် (၆)ကြမ်မြောက်အကြား လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ အဆက် မပြတ်စေရေးအတွက် ဘူးသီးတောင်မြို့နယ်၊ တရဂူကျေးရွာအုပ်စု၊ ပီရွက်၊ သံပုရာ၊ ပန်းကုန်းမ၊ ပေါက်ကျပ်၊ ဒိုးတန်း၊ အင်းချောင်း စုစုပေါင်း ကျေးရွာ(၆)ရွာမှ အိမ်ထောင်စု(၄၂၇)စု၊ လူဦးရေ(၁၄၉၄)ဦးတို့အတွက် အခြေခံစားနပ်ရိက္ခာ (၁)လစာ ဆန်(၄၆၆)အိတ်နှင့် (၂၁)ပြည်၊ ဆီ(၅၆၀.၂၅)ပိသာ၊ ဆား(၁၁၂.၀၅)ပိဿ၊ ပဲ(၂၂၄၁)ပိဿ တို့အား သွားရောက်ထောက်ပံံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Source:    ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events